Hello ... !

Monday, July 8, 2013

ကျမရဲ့ ..... ♥ ♥ ♥

ကျမပန်းလေးတွေ နဲ့ သဘာဝအလှတရားတွေ ကို အရမ်းချစ်တယ်
ကောင်းကင်ကြီး နဲ့ ပန်းစိုက်ရတာ သစ်ပင်စိုက်ရတာကိုသဘောကျတယ်
သဘာဝရှူခင်း နဲ့ ပန်းလေးတွေကို ဓါတ်ပုံရိုက်ရတာ ကိုနှစ်သက်တယ်
ဟင်းချက်ရတာ အစားအသောက်တွေပြင်ဆင်ရတာကိုပျော်နေတတ်တယ်
ပန်းကန် နဲ့ ကော်ဖီမတ်ခွက်လေးများ မီးဖိုချောင်သုံးပစ္စည်းများ စုရတာကို
ဝါသနာပါတယ် ၊ အရုပ်လေးတွေ နဲ့ ငှက်လေးတွေ ကိုလည်း ချစ်တယ်

စာဖတ်ရတာ စာအုပ်တွေဝယ်စုရတာလည်း ဝါသနာပါတယ်
 
ကျမကို  အမှတ်တရ ပေးတဲ့လက်ဆောင်လေးတွေကိုလည်းတန်ဖိုးထားတတ်တယ်
အရောင်ပြောင်းတတ်တဲ့တိမ်တွေကိုတော့အဲမဲတမ်းသဘောမကျဘူး
သစ်ရွက်တွေရင့်လို့အရောင်ပြောင်းပြီမြေပေါ်ကြွေတဲ့ အချိန်
ပန်းလေးတွေလေမှာလွှင့်ပြီး မြေပေါ်ကြွေကျတာကိုမြင်ရင်နှမြောမိတယ် ...........
♥ ♥ ♥ ♥ ♥ ♥



No comments:

Post a Comment